ပန်းတောင်း ၂ မေ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်ရှိ ဘူးရိုးချောင်းရေသည် ရာသီဥတုပူပြင်းပြီး မိုးရွာသွန်းမှု မရှိသောကြောင့် ခန်းခြောက်လာပြီး ယင်းဘူးရိုးချောင်းရေကို အသုံးပြုနေရသည့် ရပ်ကွက်နေပြည်သူများ အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဘူးရိုးချောင်းရေအား ရွှေပင်ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းများဖြစ်သော အသောက ရာမစာသင်တိုက်၊ ရေပုလဲကျောင်း၊ ဗောဓိပင်ကျောင်းနှင့် ရွှေပင်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၆၀ဝ) ကျော်က သုံးစွဲလျက်ရှိရာ ယခုနှစ် ရေခန်းခြောက်မှုကြောင့် ပထမဆုံးအကြိမ်အဖြစ် ရက်ပေါင်း ၁၀ဝ ကျော်ခန့် ရေရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
သိန်းတိုး


