မိုးညို ၃ မေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မေ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူနေအိမ်ခြောက်လုံး ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၃)လုံး၊ အမိုးအကာပျက်စီး နေအိမ်(၃)လုံး၊ စုစုပေါင်း လေဘေးသင့်အိမ်ထောင်စု(၆)စု ဖြစ်ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းနှင့် ပျက်စီးနေအိမ်များအား ပြန်လည်ပြုပြင်လျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


