စစ်တွေ ၃ မေ
စစ်တွေမြို့ဆေးရုံးကြီး၌ ဆေးကုသမှုခံယူနေသော ကျောက်တန်းကျေးရွာမှ ဒဏ်ရာရလူနာများအား ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ကြသည်။
အဆိုပါ ဒဏ်ရာရလူနာများအား ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်တို့ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ပြီး လိုအပ်သော ကူညီမှုများ ပေးအပ်နိုင်ရန် ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့ကြသည်။
စစ်တွေဆေးရုံကြီး၌ ကျောက်တန်းကျေးရွာမှ ဒဏ်ရာရလူနာ ၈ ဦးတက်ရောက်ဆေးကုသမှုခံ ယူလျှက်ရှိပြီး ၎င်းလူနာများကို ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၅၀ဝ၀ဝ စီ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


