ဝက်လက် ၃ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုင်ခရိုင်၊ ဝက်လက်မြို့တွင် ဧပြီ ၂၆ ရက်နေ့ နံနက် ၇ နာရီ အချိန်မှ စတင်၍ ဝက်လက်မြို့ ပြည်သူ့ဆေးရုံဝင်း အတွင်း၌ အသက် ၆၀ အထက် ဘိုးဘွားများကို အပတ်စဉ် သောကြာနေ့တိုင်း ဆေးများ အခမဲ့ ဆေးကုသပေးခြင်းနှင့် အဟာရ တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် အတွင်းရှိ အသက် ၆၀ ကျော် ဘိုးဘွားဦးရေ ၅၀ဝ ကျော်ကို စေတမာန် လူငယ်အဖွဲ့ အကျိုးဆောင်များက အဟာရများ တိုက်ကျွေးခြင်း၊ အလှူရှင်များ ရှာပေးခြင်းများ ပြုလုပ်ပေးပြီး ကျန်မာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်လတ်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အငြိမ်းစား ကျန်းမာရေး ဆရာမ ဒေါ် မြင့်ဆွေ တို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးစိုးလှိုင်(ဝက်လက်)


