ရန်ကုန် ၃ မေ

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌန်း ရွတ်ဖတ်ပူဇော်ပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ သာသနာ့ ဇောတိကဓမ္မာရုံ၌ ယနေ့မနက် (၆)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားကို နမောတသ (၃)ကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး   နိုင်ငံတော်သံဃမဟာနယက အဖွဲ့ဥက္ကဋ္ဌ၊ အဘိဓ္ဓဇမဟာရဋ္ဌဂုရု၊ အဘိဓ္ဓဇအဂ္ဂမဟာ သဒ္ဓဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ နဝင်္ဂဥပေါသထ သီလတော်တို့ကို ခံယူဆောက်တည်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

 

ထို့နောက် ဆရာတော် သံဃာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲကို ဆရာတော် သံဃာတော် (၁၈) ပါးတို့ မှ မဟာပဋ္ဌာန်းဒေသနာတော်ကို မေလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ (၅)ရက်တိုင် အလှည့်ကျ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပုဇွန်တောင်(ပြန်/ဆက်)

 

IMG_201