ကျောက်ကြီး  ၃  မေ 

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်း(၆)ရပ်ကွက်တွင် မေလ ၂ ရက် ည ၆ နာရီခွဲအချိန်က ဝါယာရှော့ဖြစ်ကာ နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နတ်သံကွင်း (၆)ရပ်ကွက်ရှိ ဦးအာကာမှာ နေအိမ်ပေါ်သို့ မြို့ပြမီးလာချိန်တွင် လေပြင်းတိုက်ခက်မှုကြောင့် ဝိုင်ယာကြိုးအချင်းချင်းရိုက်ခက်ကာ မီးပွားများဖြစ်ပေါ်ပြီး မီးပွားများ နေအိမ်ပေါ်ကျရာမှ သက်ကယ်မိုးထရံကာ နေအိမ် စတင်လောင်ကကျွမ်းခဲ့ပြီး ၎င်းအိမ်နောက်ရှိ  ဦးပန်းစံ၏ သက်ကယ်မိုး ထရံကာနေအိမ်ပါ မီးကူးစက်၍ ဆက်လက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုကို နတ်သံကွင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ကျောက်ကြီးမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၊ နတ်သံကွင်းနေမြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၆ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် နေအိမ် နှစ်လုံး၊ နွားတင်းကုတ်နှင့် စပါးကျည်တွဲလျက် အခင်းအကာမရှိ သုံးပင်ပတ်လည် အဆောက်အဦတစ်လုံးတို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအာကာအား နတ်သံကွင်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)

 

IMG-12c8