ကော့သောင်း  ၃  မေ

 

ကလေးများ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်ပြီး ရင်းနှီးမှုရှိစေရန်၊ ကာယ ဉာဏဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်သော  ကော့သောင်းမြို့ မူလတန်းလွန်ကျောင်း (အောင်သုခ) မှ နွေရာသီအင်္ဂလိပ်စကားပြောသင်တန်းသား ကျောင်းသူကျောင်းသား ကလေးများအား၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် မေလ ၃  ရက် နံနက်ပိုင်းက စက္ကူအရုပ်ခေါက်နှင့် ဂိမ်းကစားပွဲပြုလုပ်ကျင်းပပေးခဲ့သည်။

 

20190

 

ထို့ပြင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ထားသည့်  ပြတိုက်ငယ်အတွင်း ခင်းကျင်းပြသထားသော ကော့သောင်းဒေသအတွင်းရှိ ပင်လယ်ပျော် လူသားမျိုးနွယ်စုတစ်ခုဖြစ်သည့်  ဆလုံလူမျိုးများ၏ လူနေမှုဓလေ့ ထုံးစံများ၊ ရိုးရာကိုးကွယ်မှုဓလေ့ဆိုင်ရာများ၊ အသက်မွေးဝမ်းကျောင်းပြုသည့် ဗဟုသုတဖြစ်ဖွယ်ရာရောင်စုံဓာတ်ပုံများ၊ ပင်လယ်ရေအောက်သတ္တဝါများ၏ ရုပ်ကြွင်းပစ္စည်းပြကွက်များအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

image-0-0