ရှားတော  ၃   မေ    

 

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ဒေါလယ်ခူ(နားကျိုင်းလေး)ကျေးရွာတွင် နေထိုင်သော ဦးကေရယ် သည် မေ ၂ ရက် နေ့လယ် ၁၁ နာရီက ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ တောထဲတွင် အမဲလိုက်ရာထွက်မှ မိုင်းနင်းမိ၍ ခြေဖဝါးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒေါလယ်ခူ(နားကျိုင်းလေး)ကျေးရွာတွင် နေထိုင်သော ဦးကေရယ် နှင့် အပေါင်းအဖော် (၆)ဦးတို့သည် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် အမဲလိုက်ထွက်ရာမှ ဦးကေရယ်သည် မိုင်းနင်းမိ၍ ခြေဖဝါးဒဏ်ရာရရှိခဲ့သည်။ အမဲလိုက်ဖော် သူငယ်ချင်းများက မိုင်းထိခိုက်ဒဏ်ရာရရှိသော ဦးကေရယ်အား အခင်းဖြစ်ပွားရာနေရာမှ  ရှားတောမြို့နယ် ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားပြီး ညနေ(၃)နာရီတွင် ဆေးရုံကိုရောက်ရှိကာ ဆေးကုသမှုခံယူခဲ့သည်။ ထို့နောက် ဆေးကုသမှုဆက်လက်ခံယူနိုင်ရန်အတွက် လွိုင်ကော်ဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် လွှဲပို့ခဲ့ကြောင်း သိရသည်။

 

ထွန်းအောင်(ပြန်/ဆက်)