ဆီဆိုင် ၃ မေ
နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ထွန်းဦး ဦးစီးသည့်တပ်ဖွဲ့ဝင်တို့သည် မေ ၂ ရက် နံနက် ၉ နာရီက နွေရာသီကာလတွင် နှစ်စဉ်နှစ်တိုင်း ရေအခက်အခဲကြုံတွေ့နေရသည့် လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီထဲထိုးကျေးရွာသို့ သောက်သုံးရေများသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါရေလှူဒါန်းရာတွင် ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၈၀ဝ)အား ထီထိုက်ထိုးကျေးရွာရှိ အိမ်ခြေ (၈၅)၊ လူဦးရေ ၄၉၂ ဦးအား သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သောက်သုံးရေကို အများသုံးရေစုကန်တွင် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


