ငွေဆောင်  ၃  မတ် 

 

ငွေဆောင်ကမ်းခြေသို့ လေ့လာရေးခရီးရောက်ရှိနေသော ဒသမတန်း လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ၏ လူမှုဘဝလေ့လာရေးခရီးစဉ်တွင် ယနေ့(၉)နာရီ အချိန်က၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခင်းကျင်းပြသသော ပင်လယ်ငါးမျိုးစိတ်များ၊ ရေသတ္တဝါများ ပင်လယ်ပြင် သယံဇာတနှင့် သက်ဆိုင်သည့် အချက်အလက်များအား လေ့လာခဲ့ကြသည်။

 

အဆိုပါ လူရည်ချွန်မောင်မယ်တို့၏ လေ့လားရေးခရီးစဉ်အတွက် ပုသိမ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးစိုးသိန်းနှင့် ဝန်ထမ်းများမှ ငါးမျိုးစိတ်များ၏ မှတ်တမ်းဓာတ်ပုံများ၊ ငါး၊ ကဏန်း၊ ပုဇွန်၊ ရေနဂါး၊ စသည့် ကောင်ရှင်မျိုးစိတ်များအား ခင်းကျင်းပြသပေးပြီး ငါးသယံဇာတနှင့် ပတ်သက်သည့် အချက်အလက်တို့ကို ရှင်းလင်းပြသပေးသည်။

 

ထို့နောက် လူရည်ချွန်မောင်မယ်တို့မှ သိလိုသည်များကို မေးမြန်းကြရာ ပုသိမ်မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း တိုင်းဒေသကြီး ပြန်/ဆက်မှ သိရသည်။

 

MDN

 

_DSC20