ကောလင်း ၃ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို မေ ၃ ရက် နံနက် ၈ နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ-မြောက်အင်းရပ်ကွက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးမြင့်က အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းတပ်ခွဲမှူး ဒေါ်ဝင်းမေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မေ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦးတက်ရောက်၍ သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ဒဏ်ရာရရှိပါက အခြေခံရှေးဦးပြုစုနည်းများ၊ ပတ်တီးစည်းနည်းများနှင့် စစ်ရေးပြဘာသာရပ်များ စသည့်တို့ကို စာတွေ့ လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


