ဒလ ၃ မေ
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ မြန်မာ့စာတိုက်လုပ်ငန်းတွင် ပြည်တွင်း ပြည်ပ လေယာဉ်ခရီးစဉ်လက်မှတ်များ ဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာ့စာတိုက်လုပ်ငန်းသည် မြန်မာ့လေကြောင်းလိုင်းနှင့် ချိတ်ဆက်ကာ ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ် ရောင်းချမှုအား (၂၀၁၈) ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီး၌ စတင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်များရှိ လက်အောက်ခံ စာတိုက်လုပ်ငန်းများတွင် (၂၀၁၉) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့လေကြောင်းလိုင်းမှ ပျံသန်းပြေးဆွဲလျှက်ရှိသည့် ခရီးစဉ်များအလိုက် ပြည်တွင်း ပြည်ပ လက်မှတ်များအား အချိန်ကုန် လူပင်ပန်းခြင်းမရှိဘဲ ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။
လေယာဉ်လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် မိမိအား၊ ဖုန်းဆက်အကြောင်းကြားပြီး ဝယ်ယူနိုင်ကြောင်း ငွေကြိုပေးစရာလိုကြောင်း မိမိမှ ခရီးသည်သွားလိုသည့် ခရီးစဉ် အချိန်၊ နေ့ရက်အတိုင်း မြန်မာ့လေကြောင်းလိုင်းသို့ လက်မှတ်ဖြတ်ပြီးပါက ဝယ်ယူသူထံ Viber ဖြင့် ပေးပို့ပါကြောင်း Viber ဖြင့် ပေးပို့ သည့် Onlin Banking ဖြင့် ဖြစ်စေ၊ OK s ဖြင့် ငွေရှင်းနိုင်ကြောင်း၊ ဝယ်ယူသူအနေဖြင့် ပင်ပန်းမှုမရှိဘဲ အလွယ်တကူ ဝယ်ယူနိုင်ကြောင်း လေယာဉ်လက်မှတ်အး Viber ဖြင့် ပေးပို့သည့်အတွက် အခြားသော အန္တရာယ်များမှလည်း ကင်းဝေးစေပြီး လေယာဉ်စီးနင်းရာတွင်လည်း အခက်အခဲမရှိပါကြောင်း လက်မှတ်နှုန်းထးမှာလည်း မြန်မာ့လေကြောင်းလိုင်း၏ ခရီးစဉ်အလိုက် သတ်မှတ်ထားသော နှုန်းထားအတိုင်းပင် ဖြစ်ကြောင်း ဒလစာတိုက်လုပ်ငန်းမှ ဒေါ်နွယ်နွယ်စိုးက ပြောသည်။
ဒလစာတိုက်လုပ်ငန်းမှ အနယ်နယ်အရပ်ရပ်မှ လေယာဉ်လက်မှတ်ဝယ်ယူသူ (၂၀) ဦးအတွက် ပြည်တွင်း ပြည်ပ လေယာဉ်ခရီးစဉ်လက်မှတ်များ ဝယ်ယူပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မောင်ယဉ်ဦး (ဒလ)


