ရန်ကုန် ၃ မေ
မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာအုပ်စု၊ နတ်စင်ကုန်း ကျေးရွာ မဟာနေစာကြည့်တိုက်၌ ကျေးလက်ကျန်းမာရေး တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုတွင် မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များကို လစဉ်ပုံမှန်ကာကွယ်ဆေးနှင့် BCG ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင် PCV ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


