ပွင့်ဖြူ ၃ မေ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုဝင်များမှ ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပံ့ပိုးပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါ သိမ်ကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု ၁၈ စု အား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်း၊ ကယ်ဆယ်ရေး ပစ္စည်း ၁၁ မျိုး နှင့် အိမ်ထောင်စု ၁၈ စုမှ လူဦးရေ စုစုပေါင်း ၉၀ အတွက် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၁၈၉၀ဝ၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၉၈၉၀ဝ၀ တို့အား ဒေသခံပြည်သူများထံ လက်ဝယ်အရောက် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးအပ်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် တိုင်းဒေသကြီးဘေးအန္တရယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းတို့က ပေးအပ်ခဲ့ပြီး ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


