နေပြည်တော် ၃ မေ
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲ (Stakeholders Forum on the Implementation of the OSH Law)ကို မေ ၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) တို့ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
မောင်လူမော်


