နေပြည်တော် ၃ မေ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၁၁ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် ဗာဂျီးနီးယားဆေးလုပ်ငန်းစက်ရုံဝန်းရှိ ကွင်းအမှတ်(၄၀၇)၌ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မန္တလေးမြို့တော်ဝန်၊ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNODC ၊ UNDP ၊ မြန်မာနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(မန္တလေးကိုယ်စားလှယ်)၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

မောင်လူမော်