ကျောင်းကုန်း ၄ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် "ထာဝရသစ္စာ" ပညာရေးမိသားစု ပရဟိတအဖွဲ့မှ လုပ်သက် နှစ်(၃၀)ပြည့် ပင်စင်ယူသွားသော အ.မ.က အလယ်စုကျောင်းမှ အထွေထွေလုပ်သား ဦးအောင်သိန်းထွန်း နှင့် အ.ထ.က(၂)မှ ကျောင်းစောင့် ဦးလှအောင်တို့နှစ်ဦးအား ယနေ့နံနက် ၉ နာရီအချိန်က ပေးအပ်ခဲ့သည်။
ကျောင်းကုန်းမြို့နယ်တွင် ပညာရေးမိသားစု ဆရာ၊ ဆရာမ (၁၆၅၀)ဦးမှ တစ်ဦးလျှင် ငွေကျပ်(၁၀ဝ၀)စီ လှူဒါန်းမှုဖြင့် လုပ်သက်ပြည့် ပင်စင်ယူသွားသူ နှစ်ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၆)သိန်းခွဲစီ ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
လုပ်သက်ပြည့်ပင်စင် ယူသွားသော အထွေထွေလုပ်သား ဦးအောင်သိန်းထွန်း က ထာဝရသစ္စာ ပညာရေးမိသားစု ပရဟိတအဖွဲ့ကို ကျေးဇူးတင်ပါကြောင်း၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးကိုရည်စူးပြီး အလှူဒါနပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကျောင်းစောင့် ဦးလှအောင် မှာ ရဟန်းဘဝရောက်ရှိနေသဖြင့် အ.ထ.က(၂)မှ ကျောင်းဆရာနှစ်ဦးက ကိုယ်စား ထုတ်ယူပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


