ညောင်ဦး ၄ မေ     

 

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ဒုတိယမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန် ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က မေ ၄ ရက်၊ ယနေ့ နံနက် ၈ နာရီက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးပြီး  ဓာတ်အားပြည့်ဝစွာ အသုံးပြုခွင့်ရရှိစေရန်နှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန် ရည်ရွယ်၍ ညောင်ဦး - တောင်ဇင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

AAC

 

 “ကျွန်တော်တို့ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများအနေဖြင့်  လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို အပတ်စဉ် (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်တွေမှာ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးနေပါတယ်။ ယခုလို ဆောင်ရွက်ပေးခြင်းဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြု နိုင်ခြင်း၊ မလိုလားအပ်တဲ့ လျှပ်စစ်အန္တရာယ်များ ကင်းဝေးစေနိုင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန် စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင်လည်း ညောင်ဦးမြို့တွင်းရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရူစစ်ဆေးပြီး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို  ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ကျွန်တော် ဦးဆောင်ပြီး နံနက် ၈ နာရီကစတင်၍ မွန်းတည့် ၁၂ နာရီအထိ  ညောင်ဦး - တောင်ဇင်း ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းတဲ့ သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ညောင်ဦးမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန်က ပြောပြ၍ သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

age AAC