ပုလော ၄ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မေလ (၃) ရက်နေ့ ညနေ့ (၃) နာရီတွင် ပုလောပြည်သူ့ ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့သွေးလှူဒါန်းရာတွင် ပုလောမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်မှ ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုလောမြို့နယ် မီးသတ်တပ်ဖွဲ့မှ သန္ဓေတပ်ဖွဲ့ဝင်များ စုစုပေါင်း (၃၄)ဦးက ပုလောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ (၇၃)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မေလ (၅)ရက်နေ့၌ ပုလောမြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် သဝဏ်လွှာဖတ်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)


