ငွေဆောင်  ၄   မေ 

 

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေဒေသတွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့် လှိုင်းအသင့်အတင့်ကြီးလျက်ရှိသည်။

 

ဒေသတာဝန်ရှိသူများက ကမ်းခြေတစ်လျှောက် ခရီးသွားများအား ရေနက်ပိုင်းအတွင်း ရေဆင်းမချိုးရန်တားမြစ်ထားသော်လည်း မေလ ၄ ရက်နေ့နံနက်ပိုင်း၌ ချစ်သူများကျွန်းကမ်းခြေတစ်ဝိုက်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ရေလွှာလျှောစီးကစားနည်းကို လှိုင်းအသင့်အတင့်ရှိသဖြင့် အဆင်ပြေစွာကစားနိုင်သည်ကိုတွေ့ရှိရသည်။ လက်ရှိအခြေအနေတွင် ကမ်းခြေအတိမ်ပိုင်းတွင်လည်း အလည်အပတ်လာသူခရီးသွားပြည်သူများ အနားယူအပမ်းဖြေလျက်ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

 

 စိုးမင်းဦး(ပြန်/ဆက်)

 

IMG_2