တာချီလိတ် ၄ မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ လေဆိပ် လေယာဉ်ပြေးလမ်းအား ပြုပြင်ထိန်းသိမ်းရန်ရှိသဖြင့် လေယာဉ်ခရီးစဉ်များ ဆင်းသက်/ထွက်ခွာချိန်အား မေ ၅ ရက်မှ ၁၉ ရက်အထိ နံနက် ၁၀ နာရီနောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းမြင့်ထံမှ သိရသညိ။

 

လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ထိပ် (၁၉၂၀ ပေ × ၁၀ဝ ပေ)နေရာတွင် လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ ၂၀၁၈- ၂၀၁၉ ခု၊ ဘဏ္ဍာရေးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လေယာဉ်ပြေးလမ်း ရေပိတ်လွှာလောင်းခြင်းလုပ်ငန်းကို မေလ ၅ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

တာချီလိတ် လေဆိပ်တွင် မေ ၅ ရက်မှ ၁၅ ရက်အတွင်း ဆင်းသက်မည့် လေယာဉ်ခရီးစဉ် အားလုံးကို နံနက် (၁၀) နာရီနောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ လေယာဉ်ပြေးလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို မနက် ၆ နာရီမှ ၁၀ နာရီအထိ လုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

1