စေတုတ္တရာ ၅ မေ

ကျေးလက်နေပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများကို လက်တွေ့အသုံးချတတ်စေရန်နှင့် ကျေးလက်စာကြည့်တိုက်များ စနစ်တကျ ရှင်သန်နိုင်ရေးအတွက် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြာ ဆောင်ရွက်ခြင်းကို စေတုတ္တရာမြို့နယ် ညောင်ပင်ကျင်းကျေးရွာရှိ ကျေးရွာစာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

 

.1

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ မိမိတို့ဦးစီးဌာနက ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကြောင်း၊ နယ်လှည့်စာကြည့်တိုက်များ ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

.6

 

ထို့နောက် စာကြည့်တိုက်များ ထာဝစဉ်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် စာကြည့်တိုက်တွင် စာအုပ်များ မပျောက်မပျက် ထိန်းသိမ်းနိုင်ရန်အတွက် စာအုပ်တိုက်ပိုင်သွင်းနည်းများ ပြသပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)