မန္တလေး ၅ မေ

 


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ မြန်မာပြည်၏ အသည်းနှလုံးဟု တင်စားခေါ်ဆိုကြသော အညာမြေ၏ အိုအေစစ်တစ်ခုဖြစ်သည့် ပုပ္ပားတောင်ကလပ်သည် စိမ်းလန်းစိုပြည်သည့် သဘာဝတောတောင် ရေ မြေ ရှုခင်းများအပြင် ပုဂံရာဇဝင်များနှင့် ဆက်စပ်နေသည့် သမိုင်းဝင်နေရာတစ်ခုဖြစ်သဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ နေ့စဉ် ဝင်/ထွက်သွားလာလေ့ရှိသော နေရာတစ်ခုဖြစ်သည်။
    

 

နတနမ

 

ပြည်တွင်းပြည်ပ ခရီးသွားများဖြင့် နေ့စဉ်စည်ကားများပြားနေသည့် ပုပ္ပားတောင်ကလပ်ဝန်းကျင်တွင်လည်း စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်များကြောင့် အမြင်မတင့်တယ်သလို၊ နိုင်ငံ၏ ပုံရိပ်၊ ဒေသ၏ ပုံရိပ်များကို ထိခိုက်ကျဆင်းစေသဖြင့် တောင်ကလပ်ဒေသခံ လူငယ်များပူးပေါင်း၍ အမှုဆောင်ကော်တီဝင် (၁၆)ဦးပါဝင်ပြီး အဖွဲ့ဝင်အင်အား (၅၀)ဦးဖြင့် ငြိမ်းချမ်းရေးပရဟိတ အမှိုက်ကောက်အဖွဲ့ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကာ တောင်ကလပ်ဝန်းကျင် စောင်းတန်းများ၊ တည်းခိုဆောင်များ၊ ပုပ္ပား တောင်ကလပ် ကားလမ်းတစ်လျှောက်နှင့် ညောင်ပင်ဆိပ်-တောင်ကလပ် ကားလမ်းဝန်းကျင်တစ်လျှောက်တို့တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၈ နာရီမှ ၁၁ နာရီအထိ အမှိုက်ကောက်သန့်ရှင်း ဆောင်ရွက်လျက်ရှိကြသည်။

 

နအအတ

 


အဆိုပါ တောင်ကလပ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်၊ ငြိမ်းချမ်းရေးကို အခြေခံသည့် ပရဟိတစိတ်ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး ပရဟိတအမှိုက်ကောက် အဖွဲ့အား ဂုဏ်ပြုတင်ပြလိုက်ပါသည်။

 


နေအောင်(ပြန်/ဆက်)

 

နခါါ