နတ်မောက် ၅ မေ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် မေ ၅ ရက် နံနက် ၈ နာရီက ဆရာမဒေါ်မြလေး ဘော်ဒါကျောင်းဆောင်ရှိ ကျောင်းသားကျောင်းသူများနှင့် ပရဟိတလူငယ်များ စုပေါင်း၍ သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးတွင် ပရဟိတအဖွဲ့ဝင် ဦးမျိုးခိုင်က ကြီးကြပ်ပြီး ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အောက်ထပ်တွင် သဲများဖြန့်ခင်းခြင်းနှင့် ပြတိုက်အတွင်းရှိ အမှိုက်များကို ကျောင်းသားကျောင်းသူ လူငယ်များက စုပေါင်း၍ သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လှဝင်း(နတ်မောက်)


