ဂွ  ၅ မေ

 


ဂျပန်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP-Myanmar)တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကမ်းသာယာဆည်မှ ဆပ်သွားတိုက်နယ်ဆေးရုံနှင့် ပတ်ဝန်းကျင်ကျေးရွာ လေးရွာဖြစ်သည့် ကမ်းသာယာ၊ သံခဲချိုင်၊ ဇီးကုန်း၊ ဂျိုင်ကောက်ရွာများသို့ ရေပိုက်လိုင်း သွယ်တန်းပေးဝေခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဂွမြို့နယ် ကမ်းသာယာကျေးရွာ မင်္ဂလာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ 

 

def

 


ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၏ သံမှူးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနမှူး မစ္စတာ ကာဇူယူကီတာကီမီက ယခုလိုလှူဒါန်းရသည့်အတွက် ဂျပန်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအဓွန့်ရှည်ကြာစေကြောင်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP-Myanmar)၏ ဌာနေကိုယ်စားလှယ် မစ္စတာပီတာဘတ်ချလာက ပြည်သူပါဝင်သည့် စီမံကိန်းရေးဆွဲရေးသည် ဒီမိုကရေစီ၏ အခြေခံကျသော လုပ်ငန်းစဉ်ဖြစ်ပြီး ပြည်သူအားလုံးက ပူးပေါင်ပါဝင်မှုအပြည့်ဖြင့် ဆွေးနွေးကာ မိမိတို့၏ အသံများကို ဖော်ထုတ်ဆုံးဖြတ်နိုင်သည့် လုပ်ငန်းစဉ်အဖြစ် ရှေ့ဆက်၍ လှူဒါန်းရန်များလည်း ရှိနေသေးကြောင်း ရှင်းလင်းပြောကြားသည်။  

 

egr

 


ယင်းနောက် နည်းပညာရောင်ခြည်များကုမ္ပဏီမှ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ရေသွယ်ယူရေးလုပ်ငန်းသစ်အား လွှဲပြောင်းပေးအပ်သည်။ 

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များက ကမ်းသာယာ ရေပိုက်လိုင်းသွယ်တန်းပေးဝေခြင်း လုပ်ငန်းမုခ်ဦး၊ ကမ္ပည်းနှင့် ရေဘားတို့အား ဖွင့်လှစ်ပေးပြီး ဆပ်သွားတိုက်နယ်ဆေးရုံနှင့် ကျေးရွာများရှိ ရေရရှိမှုအခြေအနေများကို ကြည့်ရှုကာ ဒေသခံများအား သောက်သုံးရေကို လေလွင့်မှုမရှိစေရေးနှင့် အကျိုးရှိရှိ အသုံးပြုကြရန် မှာကြားသည်။  

 


(သတင်းစဉ်)

 

ewrf