မည်းသင်း ၅ မေ

 

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့  အခမ်းအနားကို  မေ (၅)ရက် နံနက် (၇) နာရီက ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပခဲ့ရာ အခမ်းအနားသို့  အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်း၊ ခရိုင်၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

 

dee

 

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက (၇၃)နှစ်မြောက်   မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့  မိန့်ခွန်းအား ပြောကြားခဲ့သည်။

 

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက အပေါ့စား မီးသတ်စက်ကလေး သရုပ်ပြခြင်း၊ ဂက်စ်အိုးမီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်စက်ကြီးဖြင့် လက်တွေ့မီးငြှိမ်းသတ်မှု   သရုပ်ပြခြင်း၊ ဖုံးအုပ်မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ ရှာဖွေကယ်ဆယ်ရေး (ကားအက်စီးဒင့်) သရုပ်ပြခြင်း၊ HNE ကိရိယာဖြင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ အခန်းတွင်း မီးခိုးပိတ်မိလူနာအား ကယ်ဆယ်ရှာဖွေမှု သရုပ်ပြခြင်း၊ မီးကာဝတ်စုံဖြင့် သရုပ်ပြခြင်းတို့ကို လက်တွေ့ပြသခဲ့သည်။

 

ewef

 

ဆက်လက်ပြီး လက်တွေ့မီးငြှိမ်းသက်မှု   သရုပ်ပြသသော    မီးသတ်တပ်ဖွဲ့ဝင်များအား      တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာကြသူများက အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။        

                                                                                

ရန်နိုင်ထွန်း(ပြန်/ဆက်)