အင်းတော်  ၅ မေ 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ကြက်ခြေနီအသင်းမှ ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုသောအားဖြင့် မေ ၅ ရက် နံနက် ၇ နာရီမှ နံနက် ၉ နာရီထိ အင်းတော်မြို့ ပြည်သူ့ဆေးရုံ အတွင်းအပြင်၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

2808

 

အဆိုပါ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အင်းတော် မြို့နယ်ကြက်ခြေနီအသင်းခွဲ နာယက ဦးမြနှင့် ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်တို့က အနီးကပ်ကြီးကြပ်ပေးပြီး ကြက်ခြေနီလူငယ်မောင်မယ် ၃၉ ဦးတို့က အင်းတော်မြို့ ပြည်သူ့ ဆေးရုံဝင်း အတွင်းအပြင်တို့တွင် အမှိုက်များကောက်ခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ သန့်ရှင်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

1486

 

ကိုမင်း(အင်းတော်)