လားရှိုး ၅ မေ

 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ ရေကန်တောင်လမ်း၊ ခရိုင်မီးသတ်စခန်းသစ်၌ ယနေ့ နံနက် ၈ နာရီက (၇၃)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကျင်းပခဲ့သည်။

 

ddf

 


အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းများ၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်လျက် ခေတ်မီမီးငြှိမ်းသတ်ယာဉ်များဖြင့် အထပ်မြင့်အဆောက်အဦးများပေါ်ရှိ ကယ်ဆယ်ရေးဆောင်ရွက်မှုများ၊ လောင်စာဆီများ မီးလောင်မှုတွင် ငြှိမ်းသတ်ရသည့်ပုံစံများကို သရုပ်ပြသကြသည်။

 

ewef

 


လားရှိုးခရိုင်၌ ၂၀၁၈ ခုနှစ်က မီးလောင်မှု (၁၆)ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၁၄.၉၅)သန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးလုံခြုံသော လူနေမှုဘဝများဖြစ်စေရန်၊ မီးဘေးလုံခြုံရေးလုပ်ငန်းများ၊ မီးဘေးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ် တားဆီးရေး၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်းကောင်းဖြင့် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 

ejk

 


(၇၃)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ပါဝင်ကူညီခဲ့ကြသော အလှူရှင်များအား တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

 


ဟန်ဌေး(လားရှိုး)