ဇီးကုန်း ၅ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မေ ၄ ရက် ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဂွေးပင်ကုန်းရွာတွင် လူနေအိမ်(၇)လုံး၊ လုံလရွာတွင် လူနေအိမ်(၅)လုံး၊ ဘုရားကြီးကုန်းရွာတွင် (၆)လုံး၊ ကြားစုရွာတွင် နေအိမ်(၁)လုံး၊ ကံကလေးရွာတွင် နေအိမ်(၇)လုံး၊ ကျွဲတဲရွာတွင် နေအိမ်(၂)လုံး၊ မီးကောက်ပင်ရွာတွင် နေအိမ်(၇)လုံး၊ ကြို့ပင်သာရွာတွင် နေအိမ်(၃)လုံးတို့နှင့် ဇီးကုန်းမြို့ရှိ အမှတ်(၅)ရပ်ကွက်ရှိ နာရေးကူညီမှုရုံးတို့ အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိသော်လည်း စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး (၁၇၃၂၀ဝ၀) ကျပ်ခန့်ရှိပြီး တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
တင်မြင့် (နတ်တလင်း)
ဓာတ်ပုံ - တင့်ဆွေ (ဇီးကုန်း)


