ဆီဆိုင် ၅ မေ
ကျေးလက်နေပြည်သူများ နွေရာသီကာလအတွင်း သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စု ဖြီဟန်းခါးကျေးရွာတွင် မေ ၅ ရက် နံနက် ၁၁ နာရီက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြေသားမိုးရေလှောင်ကန်မှရေကို ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် သန့်စင်ပြီး သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့သည်။
သောက်သုံးရေ သွားရောက်လှူဒါန်းရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းတို့က ဖြီဟန်းခါးကျေးရွာရှိ အိမ်ခြေ(၁၀၁) လူဦးရေ (၅၀၉)ဦးအတွက် သောက်သုံးရေအဆင်ပြေစေရန် ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် ရေဂါလံ ၁၂၀ဝ အား စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


