မြင်းခြံ ၆ မေ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီးတွင် တည်ရှိသည့် အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲကို ကျောင်းခန်းမတွင် မေ ၆ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ) ကျောင်းအုပ်ကြီး ဦးမျိုးကိုကိုက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများသည် တက်ရောက်လာသည့် သင်တန်းသားများနှင့် သင်တန်းသား မိဘများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး၊ ယခင်သင်တန်းသားများ၏ သင်တန်းဆင်းစွမ်းရည်ပြသမှုအဖြစ် သင်တန်းသားများကိုယ်တိုင် တီထွင်တပ်ဆင်ထုတ်လုပ်သော စက်မှုပစ္စည်းများကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြသည်။
အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲသို့ မြင်းခြံခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ အိန္ဒိယကောင်စစ်ဝန်ချုပ်၊ JPA (Myanmar) မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းတွင် သင်တန်းသား (၁၈၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင်(မြင်းခြံ)


