မိုင်းဖြတ် ၆  မေ

 

လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲများကို မေ ၅ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် နမ့်ယွန်းကျေးရွာရှိ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

့

 

ဟောပြောပွဲတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးက ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် လူကုန်းကူးမှုဖြစ်စဉ်မျိုး မဖြစ်ပွားစေရေးအတွက် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး၊ တရားဝင်ဆောင်ရွက်ပေးသည့် နိုင်ငံကူးလက်မှတ် အမျိုးအစားများနှင့် ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ျ့

 

ထို့နောက် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိပ်(၁) တာချီလိတ်မှ ရဲမှူးရင်ရင်အေးက လူကုန်ကူးမှု မဖြစ်ပွားစေရေး ရပ်ရွာနေပြည်သူများမှ ပူးပေါင်းဝင်ဆောင်ရွက်နိုင်ရေး၊ လူကုန်ကူးခံရတတ်သည့် ဖြစ်စဉ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် လက်တလော အခြေအနေတွင် လူကုန်ကူးမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ျသ

 

ဟောပြောပွဲတွင် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)