ဒီးမော့ဆို ၆ မေ
၂၀၁၉ ခုနှစ် မေ ၆ ရက်မှ ၁၂ ရက်ထိ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေ ၆ ရက်မှ ၁၂ ရက်ထိ ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင်လည်း မြို့မဈေး၊ ငွေတောင်ဆည်ရှေ့နှင့် လမ်းဆုံမီးပွိုင့် စသောနေရာများတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူ ဦးဉာဏ်လှိုင်ထံမှ သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သော အသိပညာပေး စတေးကာများအား ယာဉ်ပေါ်တွင် ကပ်ပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


