ဂန့်ဂေါ ၆ မေ
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ စိုက်ပျိုးရေးနည်းပညာများ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက လယ်မရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ရာ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ဖော ငမြောင်တောင် ကြိုတင်ကာကွယ်နိုင်ရေး၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးတင်ဌေးအောင်က မိုးစပါးသီးနှံ စိုက်ပျိုးနည်း စနစ်များအကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးကြသည်။
အလားတူ အသိပညာပေးဟောပြောပွဲကို မေ ၃ ရက်က ရွှေဘိုကျေးရွာနှင့် တောင်ခင်ရန်းကျေးရွာတို့တွင် လည်းကောင်း၊ မေ ၄ ရက်က ဇာဟောကျေးရွာနှင့် တောင်ယာပြင် ကျေးရွာတို့တွင် လည်းကောင်း ပြုလုပ်ခဲ့ကြောင်းနှင့် လယ်မရွာတွင် ပြုလုပ်သည့် ဟောပြောဆွေးနွေးပွဲသို့ ကျေးရွာနေပြည်သူ ၁၀ဝ ကျော် တက်ရောက်ကြောင်း သိရသည်။
စိန်ကျော်


