နေပြည်တော် ၆ မေ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော စနစ်ကျလယ်ယာမြေ (၃၄၆)ဧက ဖော်ဆောင်နေသည့် လုပ်ငန်းခွင်နှင့် ပေါင်းလောင်းရေလွှဲဆည်မှ ရေပေးဝေမှု အခြေအနေများကို နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် မေ ၅ ရက်က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်အား စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ဝေနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်တို့က လုပ်ငန်းများ (၉၀ ရာခိုင်နငန်း) ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင်က တောင်သူလယ်သမားများအကျိုး အစဉ်ရှေ့ရှုပြီး မိုးစပါးစိုက်ပျိုးချိန်အမီ ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန် စံနှုန်းနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
တင်မောင်လွင်


