တီးတိန် ၆ မေ
ချင်းပြည်နယ် တီးတိန်မြို့တွင် မြန်မာအသည်းဖောင်ဒေးရှင်းမှ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါများအကြောင်း ဟောပြောခြင်းကို ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်က အမှာစကားပြောကြားပြီး မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်၊ သံစစ်ကုသိုလ်ဖြစ်ဆေးခန်း မန်နေဂျာ ဒေါက်တာရီရီစိန်နှင့် ရန်ကုန်ဆေးတက္ကသိုလ်(၂) အသည်းရောဂါဌာနမှ ပါမောက္ခ ဒေါက်တာဝင်းဝင်းဆွေတို့က အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် HIV ရောဂါများအကြောင်း သိကောင်းစရာများ ဟောပြောကြသည်။ ဆက်လက်၍ ဟောပြောပွဲတက်ရောက်သူများက သိလိုသောအကြောင်းအရာများကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကြသည်။
ဟောပြောပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းတော်များမှ လူငယ်တာဝန်ခံများ တက်ရောက်ကြပြီး မြန်မာအသည်းဖောင်ဒေးရှင်းမှ ထုတ်ဝေသော အသည်းရောင်အသားဝါ “စီ” ပိုး ရောဂါအကြောင်း သိကောင်းစရာများနှင့် အသည်းရောင်အသားဝါ “ဘီ” ပိုး ရောဂါအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


