မုံရွာ ၆ မေ
သိမ်ဆည်းလယ်မြေများ ပြန်လည်ရရှိရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာသုံးခုမှ တာင်သူများက မုံရွာမြို့တွင် ယနေ့ဆန္ဒထုတ်ဖော်ခဲ့သည်။
ကန့်ဘလူမြို့နယ်၊ ဘူးကုန်းကျေးရွာ၊ ဇာဏီကျေးရွာ၊ မြေမွန်ကျေးရွာရှိတောင်သူ ၁၀ဝ ခန့်က မုံရွာမြို့တွင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"ဘိုးဘွားမိဘပိုင်မြေတွေကို ပြန်ရဖို့အတွက် အခုလို ဆန္ဒဖော်ထုတ်တာပါ။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကလည်း ဒါကိုအမြန်ဆုံးဖြေရှင်းပေးစေ ချင်တယ်။ မိုးကလည်း ကျလာပြီဆိုတော့ တောင်သူက မြေယာကို လုပ်ကိုင်ချင်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်တာပါ''ဟု ကန့်ဘလူမြို့နယ်၊ ဘူးကုန်းကျေးရွာက ဆန္ဒပြသူ ဒေါ်တင်ဌေးက ပြောသည်။
အဆိုပါကျေးရွာသုံးရွာရှိ သိမ်းဆည်းထားသည် မြေဧက ၁၁၂၉ ဧကအတွက် ယခုအကြိမ်သည် တတိယအကြိမ် ဆန္ဒထုတ်ဖာ်ခြင်းဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


