ကြို့ပင်ကောက် ၇  မေ 


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မြို့နှင့် ၉ မိုင်ခန့်ကွာဝေးပြီး သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသော တင်ဆိပ်ကျေးရွာနှင့် သရက်ကိုင်းကြိုး ကျေးရွာသို့ မြို့နယ်ရဲတပ်ဖွဲ့မှ မေ ၆ ရက်တွင် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


ယင်းသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့သည့် တင်ဆိပ်ကျေးရွာရှိ လူဦးရေစုစုပေါင်း ၁၃၉ ဦးနှင့် သရက်ကိုင်းကြိုး ကျေးရွာရှိ လူဦးရေ စုစုပေါင်း ၅၃ ဦးတို့သည် နွေရာသီ ရေရှားပါးချိန်တွင် သောက်ရေအတွက် အခက်အခဲဖြစ်ပေါ်နေသဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ရာ ဒေသခံပြည်သူများအတွက် သောက်သုံးရေ အထိုက်အလျောက် အဆင်ပြေသွားပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။


ထိုသို့သွားရောက် လှူဒါန်းရာတွင် ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ကြည်တို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များက လီတာ ၂၀ ဆံ့ သောက်ရေသန့်ဘူးကြီး ၃၀ဝ ဘူးအား သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)