မအူပင် ၇ မေ
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အဆင့်မြင့်ကွန်ပျူတာ (Digital Photo Editing)သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲ ကို မေ ၆ ရက်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလင်းထွန်းမှ အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးနေလင်းစိုး (KMD Company Ltd.)မှ သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော်နှင့် မော်လမြိုင်ကျွန်းရှိ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဦးစီးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ၁၀ ရက်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)


