သာယာဝတီ ၆ မေ
မှိုမျိုးစုံ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို မေ ၆ ရက်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှမြင့်က သင်တန်းဖွင့် အမှာစကား ပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်မြလွင်က သင်တန်းဖွင့်လှစ်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၄၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ၁၀ ရက်ထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)


