သထုံ ၇ မေ
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား အကျဉ်းသူ (၆၅၂၀) ဦးအား ယနေ့ နံနက်ပိုင်းက လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ရာ မွန်ပြည်နယ် သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၁၁ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါနေ့တွင် လွတ်ငြိမ်းသက်သာခွင့် ရရှိကြသည့် အကျဉ်းသားများအား သထုံခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်က ဆုံးမသြဝါဒစကားများ ပြောကြားပြီး သထုံအကျဉ်းထောင်၏ ထောင်မှူး ဦးနိုင်ဝင်းက အကျဉ်းသားများစာရင်းကို ရှင်းလင်းပြောကြားကာ လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသားများအတွက် နေ့တွက်စားရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဦး(သထုံ)


