မိတ္ထီလာ ၇ မေ
နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းကျခံနေရသူ အကျဉ်းသား (၈၀)ဦးနှင့် အကျဉ်းသူ (၁၁)ဦး စုစုပေါင်း (၉၁)ဦး ယနေ့ နံနက်ပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့ကြောင်း သိရသည်။
“နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိသူများအနက် မိတ္ထီလာအကျဉ်းထောင်းမှ အကျဉ်းကျခံရသည့် အကျဉ်းသား(၈၀)ဦးနှင့် အကျဉ်းသူ (၁၁)ဦးတို့အား ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့တယ်၊ အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိသူများကို စားစရိတ် ၄၀ဝ၀ နှင့် ပြန်ရမည့် ခရီးအကွားအဝေးအလိုက် ခရီးသွားလာလို့ရအောင် ဆောင်ရွက်ပေးခဲ့ကြောင်း” အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ရွှေက ပြောသည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဌေးဦးနှင့် တာဝန်ရှိသူများက လာရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


