တောင်တွင်းကြီး ၇ မေ
တောင်တွင်းကြီးမြို့ မြို့မဈေးအတွင်းရှိ စားသောက်ကုန် အရောင်းဆိုင်များတွင် ယနေ့ နံနက် ၁၀ နာရီက စာသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ မရှိ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး စာသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက ကုန်ပစ္စည်းများတွင် မြန်မာစာ စာတန်းနှင့် အခြားဘာသာ စာတန်းများ တွဲလျက်ပါဝင်မှသာ ဝယ်ယူစေလိုကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီနှင့် နေရပ်လိပ်စာပါဝင်မှု၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲပါဝင်မှု၊ ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်မှုနှင့် ပါဝင်သည့် ပစ္စည်းအမျိုးအမည် ပါဝင်မှုကို သေချာကြည့်ရှုပြီးမှသာ ဝယ်ယူစားသောက် စေလိုကြောင်း၊ စားသောက်ကုန် ပစ္စည်းများတွင် မြန်မာစာတန်းပါ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး ဥပဒေထွက်ရှိပြီး ဖြစ်ကြောင်း၊ ထုတ်လုပ်သူများအား မြန်မာစာပါ စာတန်းနှင့် အခြားဘာသာပါစာတန်း တွဲလျက် ထည့်သွင်းထုတ်လုပ်ရေးနှင့် ထည့်သွင်းထားခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ဝင်း(ပြန်/ဆက်)


