၆ ဇွန်

 


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗြိတိန်နိုင်ငံတွင် ကျင်းပသော ၇၅ နှစ်မြောက် D-Day ကမ်းတက်တိုက်ပွဲ အထိမ်းအမှတ် အခမ်းအနား၌ အခြားသော ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

 


ဗြိတန်နိုင်ငံတောင်ပိုင်း Portsmouth ဆိပ်ကမ်းမြို့တွင် ယမန်နေ့က ကျင်းပသော ထိုအခမ်းအနားသို့ အမေရိကန်သမ္မတ တက်ရောက်ခဲ့သည်။

 


အဆိုပါ အထိမ်းအမှတ်အခမ်းအနားသည် ဥရောပက ဒုတိယကမ္ဘာစစ် အဆုံးသတ်ဖို့ အထောက်အကူဖြစ်ခဲ့သည့် D-Day ကမ်းတက်တိုက်ပွဲ အခမ်းအနားဖြစ်သည်။

 


ယင်းအခမ်းအနား ကျင်းပသည့် နေ့သည် ထရန့်၏ ဗြိတိန်နိုင်ငံခရီးစဉ် နောက်ဆုံးရက်ဖြစ်သည်။

 


အမေရိကန် သမ္မတ Franklin Roosevelt ရေဒီယိုမှ ပြောခဲ့သော ဆုတောင်းစကားကို သမ္မတထရန့် က ပြန်ရွတ်ပြခဲ့သည်။

 


၎င်းအခမ်းအနားတွင် ဗြိတိန်ဘုရင်မ အဲလစ်ဇဘက်နှင့် ဝန်ကြီးချုပ် ထရီဇာမေနှင့် ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန် တို့သည် အခြားသော အရေးကြီးဧည့်သည်တော်များထဲတွင် ရှိနေခဲ့ကြသည်။

 


ထရန့် သည် ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း အစောပိုင်းမိန့်ခွန်းများတွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့အကြား ကာလကြာရှည် ဆက်ဆံရေး ခိုင်မာမှုကို အလေးထားပြောကြားခဲ့သည်။

 


ကိုးကား - အန်အိတ်ချ်ကေ        
ဘာသာပြန် - မြင့်မြင့်ချို