နေပြည်တော် ၁၀ ဇွန်

 


ယနေ့  မြန်မာစံတော်ချိန်  မွန်းလွဲ ၂ နာရီ ၅၆မိနစ်၊ ၂၇ စက္ကန့်တွင် ကသာမြေငလျင်စခန်းမှ မြောက်ဘက် (၄၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးညှင်းမြို့၏ အရှေ့မြောက်ဘက် (၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၈၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၁) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 


MDN