နေပြည်တော် ၁၀ ဇွန်
ဘင်္ဂလားပင်လယ်အော်အခြေအနေ
-အနောက်တောင်မုတ်သုံလေသည် (၄.၆.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ လေအားအနည်းငယ်မှ အားအသင့်အတင့် ရှိခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ - ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇွန်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် ဇွန်လ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုး ရေချိန်တို့ထက်ပိုခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဇွန်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့် - စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (၁)ရက်မှ (၃)ရက်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်နှင့် ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင်(၇) ရက် မှ(၉)ရက် မိုးထစ်ချူန်းရွာခဲ့ပါသည်။
အမြင့်ဆုံးအပူချိန်အခြေအနေ---၂၀၁၉ ခုနှစ်၊ ဇွန်လ(ပထမ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ - စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ (၅)ဒီဂရီဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် (၆)ဒီဂရီဖာရင်ဟိုက်မှ (၇)ဒီဂရီဖာရင်ဟိုက်အထိ ဇွန်လ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ထက် ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ-၂၀၁၉ ခုနှစ်၊ ဇွန်လ (ပထမ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ − စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဇွန်လ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တို့ခန့်သာရှိခဲ့ပြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက် အထိ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ (၅)ဒီဂရီဖာရင်ဟိုက်အထိ ဇွန်လ(ပထမ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တို့အောက် လျော့နည်းခဲ့ကာ၊ မကွေးတိုင်းဒေသကြီးတွင်(၄)ဒီဂရီဖာရင်ဟိုက်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁) ဒီဂရီ ဖာရင်ဟိုက် မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ ဇွန်လ(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှ အနိမ့်ဆုံး အပူချိန်တို့ထက်ပိုခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ
၂၀၁၉ ခုနှစ်၊ ဇွန်လ (ပထမ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ - စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၀%)မှ (၇၉%)အတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၈၁%)မှ (၈၆%)အတွင်း အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ
၂၀၁၉ ခုနှစ်၊ ဇွန်လ (ပထမ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ - ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၃၀မီလီမီတာ)မှ (၃၇မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၄၀မီလီမီတာ)မှ (၄၈မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၅၁မီလီမီတာ)မှ(၅၅မီလီမီတာ)အတွင်း အသီးသီး ရှိခဲ့ပါသည်။
မြေဆီလွှာအောင်းရေအခြေအနေ
၂၀၁၉ ခုနှစ်၊ ဇွန်လ (ပထမ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ - မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (ပြည့်ဝ)အခြေအနေ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (စိုစွတ်) အခြေအနေနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ အသီးသီးရှိခဲ့ပါသည်။
MDN


