၁၇ ဇွန်
မေလနှောင်းပိုင်းနောက်ပိုင်း နိုတိုကျွန်းဆွယ် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်တွင် မြောက်ကိုရီးယားနိုင်ငံမှ ငါးဖမ်းလှေ ၃၀ဝ ကျော်ကို တွေ့ရှိခဲ့သည်ဟု ဂျပန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။
ဂျပန်ပင်လယ်ဟု လူသိများသည့် ယိုမာတိုတီကျွန်းဆွယ်တွင် မကြာသေးမီ နှစ်များက နွေးဦးပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံက ပြည်ကြီးငါးဖမ်းသည့် လှေများတရားမဝင် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ယခုနှစ် ငါးဖမ်းရာသီမစတင်မီ ပြီးခဲ့လနှောင်းပိုင်းက တရားမဝင် ငါးဖမ်းလှေများ စတင်မြင်တွေ့ရကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
ဂျပန်ရေပိုင်နက်အတွင်းက လှေ ၃၁၈ စင်းကို ဂျပန်နိုင်ငံက ထွက်ခွာသွားရန် သတိပေးခဲ့ကြောင်း ၊ ၄င်းတို့အထဲမှ ၅၀ကို ရေးထိုးပိုက်အကြီးစားများ အသုံးပြု၍ နှင်ထုတ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
တရားမဝင် ငါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေမှုကြောင့် ဖြိုခွင်းမှုအရှိန်မြှင့်တင်ရန် ကင်းလှည့်စောင့်ကြပ်မှုများ အချိန်ပြည့် လုပ်ဆောင်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


