တနိုင်း ၄ သြဂုတ်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်တွင် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို သြဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီက မုန်ဒိန်ရပ်ကွက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်ရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးသန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဆရာမ ဒေါ်ပြုံးချိုက ရာသီတုပ်ကွေးအကြောင်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဆရာမ ဒေါ်ခေါန်နူးက ကျန်းမာရေး အသိပညာပေးအကြောင်း ဟောပြောပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက ဌာနအကြောင်း မိတ်ဆက်စကားပြောကြားသည်။
ထို့နောက် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဆရာမဒေါ်ပြုံးချိုနှင့် ဆရာမ ဒေါ်ခေါန်နူးတို့အား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဥက္ကဋ္ဌ ဒေါ်အေးအေးသန်းမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်အသစ်နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များအား ရင်ထိုးတံဆိပ်များ၊ ရာသက်ပန်အသင်းဝင်ကတ်များနှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)




