မိတ္ထီလာ     သြဂုတ်

မိတ္ထီလာမြို့နယ်၌ တက္ကသိုလ်ပေါင်းစုံ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို သြဂုတ်လ ရက် နံနက်ပိုင်းက မိတ္ထီလာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်အချင်းအချင်း ရင်းနှီးချစ်ခင်မှုတွေ ရရှိသည့်အပြင် တစ်ဦးနှင့်တစ်ဦး နည်းပညာများ၊ ကျောင်း များ၏ သဘာဝအခြေအနေတို့ကို ဖလှယ်နိုင်စေရန်နှင့် တက္ကသိုလ်ပေါင်းစုံပါဝင်သည့်အတွက် အင်္ဂလိပ်စွမ်းရည်ပိုမို တိုးတက်လာစေရန် မိတ္ထီလာမြို့နယ်ရှိ တက္ကသိုလ် ()ခုမှ လူငယ်များ စုပေါင်း၍ တက္ကသိုလ် ပေါင်းစုံ အင်္ဂလိပ်စကားပြော စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ယခုနှစ်ဆိုရင် ()နှစ်မြောက် ကျင်းပရခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး အဖွဲ့ဝင် နည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား မောင်အာကာမင်းမြတ်က ပြောသည်။

တက္ကသိုလ်ပေါင်းစုံ အင်္ဂလိပ်စကားပြော စွမ်းရည်ပြိုင်ပွဲကို မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ မိတ္ထီလာနည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကျောင်းနှင့် အာကာသတက္ကသိုလ်၊ မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်၊ လာရှိုးနည်းပညာတက္ကသိုလ်၊ ရမည်းသင်း နည်းပညာတက္ကသိုလ်၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မကွေး နည်းပညာတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)