၇ သြဂုတ်


နယူးဇီလန်နိုင်ငံတွင် အရှည် ၁ မီတာ အလေးချိန် ၇ ကီလိုဂရမ်ရှိပြီး ကြက်တူရွေး ကျောက်ဖြစ်ရုပ်ကြွင်းတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ 


နယူးဇီလန်နိုင်ငံမှာ ယခုအခါ မျိုးသုဉ်းသွားပြီဖြစ်သည့် ငှက်ကြီးမျိုးများကြောင့် နာမည်ကျော်ကြားသော နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို မျိုးသုဉ်းတော့မည့် ကြက်တူရွေးတစ်ကောင်ကိုမျှ မတွေ့နိုင်တော့ကြောင်း အာလာဒင်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Trevor Worthy က ပြောကြားခဲ့သည်။


အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းငှက်၏ အရွယ်အစားမှာ အခြား ကြက်တူရွေးများနှင့်ယှဉ်လျင် အစားအသောက် ပိုမိုစားသောက်နိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း ဆစ်ဒနီမြို့တော်ရှိ နယူးဆောက်ဝေးတက္ကသိုလ်မှ ပါမောက္ခ မိုက်အာချာက ပြောသည်။


ကိုးကား-ကျိုဒို
ဘာသာပြန်-မေဇော်ထက်

 

1